A d v e r t i s e m e n t With Us

ယူရိုခြေစစ်ပွဲ ကာဇက်စတန် ၁- ၂ နယ်သာလန် (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ နယ်သာလန်အသင်းက ကာဇက်စတန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ နယ်သာလန်အသင်းအတွက် ပထမ ဂိုးကို ပွဲချိန် ၃၃ မိနစ်မှာ ဂျီအိုဂျင်နီအို က ဂိုးဧရိယာ ထိပ်စည်းနားကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ မြေလှိမ့်ဘော ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ၀က်စလေ ဆနိုင်ဒါက မိနစ် ၅၀ မှာ သွင်းယူခဲ့တာပါ။ ကာဇက်စတန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး မိနစ် ၉၀ မှာ အစ်လမ်ဘက်ခ် ကော့က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ နယ်သာလန်အသင်းက ပွဲစဉ်တလျှောက်လုံး တောက်လျှောက်ဖိကစားခဲ့သလို ဂိုးကန်သွင်းခွင့်တွေလည်း အကြိမ်ကြိမ်ရရှိခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် နယ်သာလန်အသင်းဟာ အုပ်စု A မှာ ရမှတ် ၁၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး ကာဇက်စတန်အသင်းကတော့ ရမှတ် ၂ မှတ်သာ ရရှိပြီး အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up