ယူရိုခြေစစ်ပွဲ ခရိုအေးရှား ၃- ၀ ဘူဂေးရီးယား (ရုပ်သံဟိုက်လိုက်)

932
အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ ခရိုအေးရှားအသင်းက ဘူးဂေးရီးယားအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။
ခရိုအေးရှားအသင်းအတွက် အနိုင်ဂိုးတွေကို ပထပိုင်း ၂ မိနစ်နဲ့ ၄၂ မိနစ်မှာ အိုင်ဗန် ပါရစ်စစ်က ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ၈၁ မိနစ်မှာ နီကိုလ ကယ်လီနစ်က ၁ ဂိုးသွင်းယူခဲ့တာပါ။
အုပ်စု H မှာ ခရိုအေးရှားအသင်းက ရမှတ် ၁၇ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဘူဂေးရီးယားအသင်းကတော့ ရမှတ် ၈ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ အီတလီအသင်းက ရမှတ် ၂၁ မှတ်နဲ့ ပထမ၊ နော်ဝေအသင်းက ရမှတ် ၁၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။