A d v e r t i s e m e n t With Us

တောက်တိုမယ်ရ အသုံးဝင်သည့် ဟီလာရီ ကလင်တန် စာအုပ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်က ၂၀၁၆ ရွေးကောက်ပွဲမှာ ရီပတ်ပလီကင်ပါတီကနေ ကိုယ်စားပြု ရွေးချယ်ခံဖို့ ကြိုးစားနေတဲ့ ဒေါက်တာ ဘန်ကာဆန်ကို သူရဲ့ နောက်ဆုံးထွက် စာအုပ် လက်ဆောင်ပေးပို့ခဲ့ပါတယ်။ ဒေါက်တာ ကာဆန် မဲဆွယ်စည်းရုံးရေး အဖွဲ့က ဟီလာရီကလင်တန်ရဲ့ စာအုပ် အသုံးဝင်ပုံကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်နဲ့ တုံ့ပြန်လိုက်ပါတယ်။ ဒီဗွီဒီယိုဖိုင်ထဲမှာ ဟီလာရီကလင်တန်ရဲ့ စာအုပ်ကို လူတွေက ကော်ဖီခွက်တင်ဖို့၊ ကွန်ပျူတာကြည့်ဖို့၊ အမြင့်က မမီတဲ့ ပစ္စည်းတွေကို ယူရာမှာ တက်ယူဖို့၊  တံခါးခုဖို့နဲ့ အလေးမတဲ့ ကိရိယာအဖြစ် ဘယ်လို အသုံးပြုသလဲဆိုတာကို ရိုက်ကူးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up