A d v e r t i s e m e n t With Us

မုံရွာမြို့တွင် ဆိုက်ကား အစီး ၂၀၀ ကျော်ဖြင့် အန်အယ်လ်ဒီထောက်ခံပွဲ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ထောက်ခံတဲ့အနေနဲ့ မုံရွာမြို့ရှိ ဆိုက်ကားသမားတွေဟာ ပါတီအလံတွေ၊ အင်္ကျီတွေ၊ စတစ်ကာတွေ ၀တ်ဆင်ပြီး ကမ်ပိန်းတခုကို ဆိုက်ကားအစီးရေ ၂၀၀ ကျော်နဲ့ မြို့ပတ် လှည့်လည်ခဲ့ကြပါတယ်။ ထောက်ခံပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က မုံရွာမြို့ ကားလေးကွင်းရှေ့ကနေ စတင်ခဲ့ပြီး ဆိုက်ကားအစီးရေ ၂၀၀ ကျော်အပါဝင် ကားတွေနဲ့ ဆိုင်ကယ်တွေလည်း ပါဝင်လိုက်ပါ လှည့်လည်ခဲ့ကြပါတယ်။ ကမ်ပိန်းကို မုံရွာမြို့ရှိ ဆိုက်ကားဂိတ်တွေမှ ဆိုက်ကားသမားတွေ အချင်းချင်းစုပေါင်းပြီး မိမိတို့သဘောဆန္ဒအလျှောက် ပြုလုပ်ခဲ့တာလို့ ဆိုက်ကားသမားတွေက ပြောပါတယ်။ ဆိုက်ကားတွေမှာ တပ်ဆင်ထားတဲ့ အလံတွေနဲ့ စတစ်ကာတွေကိုလည်း ဆိုက်ကားသမားတွေက အကုန်ကျခံ ၀ယ်ယူခဲ့တာလို့ ဆိုပါတယ်။ အန်အယ်လ်ဒီပါတီ ထောက်ခံလှည့်လည်ပွဲကို ဗိုလ်ချုပ်လမ်း၊ သာစည်လမ်း၊ ပေ ၈၀ လမ်းနဲ့ ကျောက္ကာလမ်းမှတဆင့် စတင်လှည့်လည်ရာနေရာဖြစ်တဲ့ ကားလေးကွင်းရှေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ မုံရွာမြို့တွင် အခုလို ဆိုက်ကားနဲ့ ကမ်ပိန်းလုပ်တာဟာ ပထမဆုံးဖြစ်ပြီး ရွေးကောက်ပွဲနီးကပ်လာအချိန် မုံရွာမြို့ရှိ ဆိုက်ကားဂိတ်မှ ဆိုက်ကားအများစုဟာ အန်အယ်လ်ဒီ အလံတွေနဲ့ စတစ်ကာကို တပ်ဆင် အလုပ်လုပ်နေကြပါတယ်။ ရန်နိုင်စိုး (မုံရွာ )  

A d v e r t i s e m e n t With Us

More News
Up