A d v e r t i s e m e n t With Us

ဆမ်အလာဒွိုက်စ်ကို ဆန်းဒါးလန်း နည်းပြအဖြစ် ခန့်အပ်

West Ham United's manager Sam Allardyce puts a piece of gum in his mouth during their English Premier League soccer match against West Bromwich Albion at the Hawthorns in West Bromwich, England, February 14, 2015. REUTERS/Darren Staples
အင်္ဂလန် ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားထားပေမယ့် နိုင်ပွဲမရသေးတဲ့ ဆန်းဒါးလန်းအသင်းဟာ ၂ နှစ်စာချုပ်နဲ့ နည်းပြ အဖြစ် ဆမ်အလာဒွိုက်စ်ကို ခန့်အပ်လိုက်ပါတယ်။ အောက်တိုဘာ ၄ ရက်က ဒစ်အက်ဗိုကတ် နည်းပြကနေ နုတ်ထွက်သွားပြီးတဲ့နောက် လစ်လပ်နေတဲ့ နည်းပြနေရာအတွက် အခလို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ကစားသမားတွေနဲ့ အလုပ်လုပ်သွားဖို့ မျှော်လင့်နေသလို ဆန်းဒါးလန်းအသင်း ထောက်ခံသူတွေရဲ့ အကူအညီကို မှီခိုနေရတယ်လို့ အလာဒွိုက်စ်က ပြောပါတယ်။ ဒီအတွက် အောက်တိုဘာ ၁၇  အဝေးကွင်းမှာ ၀က်စ်ဘရောင်းနဲ့ အောက်တိုဘာ ၂၅ ရက် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အရင်နှစ် ၀က်စ်ဟမ်း နည်းပြ ရာထူးကနေ အလာဒွိုက်စ်က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀-၈၁ ခုနှစ်မှာ အလာဒွိုက်စ်ဟာ ဆန်းဒါးလန်းအသင်းမှာ ကစားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up