A d v e r t i s e m e n t With Us

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်မဲမြို့ ရေကြီး

အောက်တိုဘာလ ၉ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်မဲမြို့ နေရာတော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တွေအတွင်း မနက် ၆ နာရီလောက်က စတင်ရေတက်လာပြီး ၈ နာရီကျော်လောက်မှာ နေရာတော်တော်များများ ရေဖုံးလွှမ်းခဲ့ပါတယ်။ အခုရေကြီးမှုဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ယခင်မိုးရွာသွန်းမှုတွေထက် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ရေကြီးလို့ အိမ်ခြေ ၁၅၀ ကျော် နစ်မြုပ်ခဲ့ပြီး ကယ်ဆယ်ရေးအစီစဉ်တွေ ပြုလုပ်နေတယ်လို့ နယ်မြေမှူး ဦးသိန်းတန်က ပြောပါတယ်။ ရေကြီးမှုကြောင့် ခရီးသွားလာရေး အခက်ခဲကြုံနေရပြီး ဒဏ်ရာရ သေဆုံးမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - စုရည်ဖြိုး  

A d v e r t i s e m e n t With Us

More News
Up