A d v e r t i s e m e n t With Us

အမေရိကန် လူမည်းကို လူဖြူရဲအရာရှိက အကြောင်းမဲ့သေနတ်ဖြင့် ပစ်သတ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ပြီးခဲ့တဲ့ဧပြီလက အမေရိကန်လူမည်းတဦးကို လူဖြူရဲ အရာရှိတဦးက အကြောင်းမဲ့ပစ်ခတ် သေဆုံးခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုကို အမေရိကန်ဒေါ်လာ ၆ သန်းခွဲ နစ်နာကြေးပေးအပ်ပေးဖို့ အာဏာပိုင်တွေက အောက်တိုဘာ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ လက်နက်မဲ့အမေရိကန် လူမည်း ဝေလ်တာစကော့် Walter Scott) ဟာ မီးပွိုင့်ကနေ ထွက်ပြေးစဉ်မှာ နောက်ကျောကို သေနတ်နဲ့ပစ်ခတ်ခံရတာပါ။ အဲ့ဒီပစ်ခတ်မှုကို မျက်မြင်တဦးက မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးယူနိုင်ခဲ့တာပါ။ အမေရိကန်လူနည်းစုတွေအပေါ် အမေရိကန်လူဖြူရဲတပ်ဖွဲ့ဝင်တွေ ပြုမူဆက်ဆံပုံတွေအပေါ် အမေရိကန်နိုင်ငံတ၀န်း ပြစ်တင်ရှုတ်ချ ဆန္ဒပြခဲ့ကြတာပါ။ အခင်းဖြစ်ပွားခဲ့တဲ့ နော့်ချာစ်တန် North Charleston မြို့ဝန်က ဝေလ်တာစကော့် သေဆုံးမှုအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၆.၅ သန်းပေးဖို့ မြို့ကောင်စီက မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရတဲ့အဆင့်အထိ ရောက်မလာခဲ့ပဲ ကျန်ရစ်သူမိသားစုဝင်တွေက ပြေလည်ရာပြေလည်ကြောင်း စဉ်းစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း မြို့ဝန်က ပြောဆိုပါတယ်။ ဝေလ်တာစကော့်ကို နောက်ကျောကနေ ပစ်သတ်ခဲ့တဲ့ လူဖြူရဲအရာရှိ မိုက်ကယ်စလာ (Michael Slager) ကတော့ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up