A d v e r t i s e m e n t With Us

ရက် ၉၀ ဖီဖာ ဥက္ကဋ္ဌ နေရာ ဆိုင်းငံ့မှု ဘလတ္တာ အယူခံဝင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ရာထူးကနေ ရက် ၉၀ ကြာ တားမြစ်ခံထားရတဲ့ အပေါ် ဆပ်ဘလတ္တာက အယူခံဝင်လိုက်ပါတယ်။ ဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ကော်မတီက အကျင့်ပျက်ခြစားမှုတွေအတွက် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် အောက်တိုဘာ ၈ ရက်က ဘလတ္တာ၊ အတွင်းရေးမှူး ဂျရုန်း ဗာခီနဲ့ ဒုဥက္ကဋ္ဌ ပလာတီနီတို့ကို တားမြစ်လိုက်တာဖြစ်ပါတယ်။ တစုံတရာ အမှားအယွင်းမလုပ်ဘူးလို့ ဒီ ၃ ဦးလုံးက ပြောပါတယ်။ ဘလတ္တာရဲ့ သူငယ်ချင်းနဲ့ အကြံပေးတဦးက ကျင့်ဝတ်ကော်မတီကို အယူခံလျောက်ထားပြီး ဖြစ်သလို သူနေရာအတွက် ဘလတ္တာက ကာကွယ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဖီဖာ ဥက္ကဋ္ဌ ရာထူးကို ကာလကြာရှည် ယူထားလိုတဲ့သူရဲ့ ဆန္ဒကို တချို့သော ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတွေက ဝေဖန်နေကြပါတယ်။ အောက်တိုဘာ ၂၀ ရက် ဇူးရစ်မှာ ဖီဖာ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပပြီး ဖေဖော်ဝါရီလမှာ ဥက္ကဋ္ဌ နေရာ ခန့်အပ်ရေး အတွက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up