ဖိလစ်ပိုင်တွင် ထောင်မီးလောင်၊ အကျဉ်းသား ၁၀ ဦးသေ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း လေးတေခရိုင်က ပီနယ် ကိုလိုနီ အကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၁၀ ဦး သေဆုံးတယ်လို့ အရာရှိတွေက အောက်တိုဘာ ၉ ရက်က ပြောပါတယ်။ ကမ္ဘာပေါ်မှာ လူအကြပ်ဆုံးထောင်တခုဖြစ်တဲ့ ဒီထောင်မီးလောင်မှုဟာ ဖိလစ်ပိုင်ရဲ့ ယိုယွင်းနေတဲ့ ထောင်စနစ်ကို မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံတကာ ထောင်လေ့လာရေး ဌာနက ပြောပါတယ်။ အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ လျှပ်စစ်ဝါယာလျှော့ကနေတဆင့် လောင်ကျွမ်းတာလို့ မီးသတ်အရာရှိ အဲရစ်ဘာဆယ်လိုကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။ တခြား ထောင်သား ၁၂ ဦးနဲ့အတူနေထိုင်တဲ့ အကျဉ်းသားတွေနေတဲ့ အခန်းထဲမှာ သေဆုံးသူ ၅ ဦးကို တွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ၂ နာရီကျော် မီးလောင်အပြီးမှာတော့ မီးကို ထိန်းချုပ်နိုင်ပြီလို့ မီးသတ်သမားတွေက ကြေညာပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံရတဲ့ အကျဉ်းသား ၁၂၀၀ ယာယီ ခိုလှုံဖို့အတွက် နေရာကို တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up