ယူရိုခြေစစ်ပွဲ အင်္ဂလန် ၂-၀ အက်စ်တိုးနီးယား (ရုပ်သံဟိုက်လိုက်)

2.2K
အောက်တိုဘာ ၉ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ အင်္ဂလန် အသင်းဟာ အက်စ်တိုးနီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီအတွက် အင်္ဂလန် အသင်းဟာ ၉ ပွဲကစား ၉ ပွဲနိုင် ရမှတ် ၂၇ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။
ရွန်းနီ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိပေမယ့် အက်စ်တိုးနီးယားကို အလွယ်တကူ အနိုင်ယူသွားနိုင်တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း၄၅ မိန်စမှာ ဝေါလ်ကော့နဲ့ ဒုတိယပိုင်း ၈၅ မိနစ်မှာ စတာလင်တို့က သွင်းယူသွားပါတယ်။
အင်္ဂလန်အသင်းမန်နေဂျာ ရိန်ဟော့ဆန်ကတော့ ထင်မှတ်ထားတဲ့အတိုင်း ခက်ခဲတဲ့ပွဲတပွဲဖြစ်သလို ၂ ဂိုး ဂိုးမရှိအနိုင်ဟာ တန်ဖိုးရှိတဲ့ အနိုင်ဖြစ်တယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီသွင်းယူပြီး အင်္ဂလန်အသင်းအတွက် ဂိုးသွင်းစံချိန်သစ်ကို တင်လိုက်တဲ့အတွက် ပွဲမကစားချင်မှာ ရွန်နီက ဆာဘော်ဘီချာလ်တန်ထံကနေ ရွှေဖိနပ်ကို လက်ခံရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းပါဝင်တဲ့အုပ်စုမှာတော့ ဆွစ်ဇာလန်က ဒုတိယ၊ ဆလိုဗေးနီးယားက တတိယနဲ့ အက်စ်တိုးနီးယားက စတုတ္တနေရာမှာ ရပ်တည်နေပါတယ်။