A d v e r t i s e m e n t With Us

ဖိလစ်ပိုင် တောင်ပိုင်းတွင် အီတလီနိုင်ငံသားတဦး ပြန်ပေးဆွဲခံရ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေတဲ့ အီတလီနိုင်ငံသားတဦးကို သေနတ်သမားတွေက အောက်တိုဘာ ၈ ရက်နေ့က ပြန်ပေးဆွဲသွားတယ်လို့ ဖိလစ်ပိုင် လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဟာ ပြည်နယ်ခွဲထွက်ရေး တောင်းဆိုနေတဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင်တွေ၊ ကွန်မြူနစ်သူပုန်တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ တက်ကြွလှုပ်ရှားတဲ့ ဒေသပါ။ ပြန်ပေးငွေရလိုမှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ အခုနောက်ဆုံး ပြန်ပေးဆွဲခံရသူ အီတလီနိုင်ငံသားဟာ အသက် ၅၃ နှစ်အရွယ်ဖြစ်ပြီး အရင်က ရိုမန်ကက်သလစ် ဘုန်းကြီးတပါး ဖြစ်ပါတယ်။ လက်နက်ကိုင် ၁၀ ဦးလောက် ဆိုင်ကို ရောက်လာပြီး သေနတ်ထောက် ကားပေါ် ခေါ်တင်သွားတယ်လို့ စားသောက်ဆိုင် ငွေကိုင်က ပြောဆိုပါတယ်။ ဖိလစ်ပိုင်ရေတပ်နဲ့ လေတပ်က ပြန်ပေးဆွဲသူတွေကို နောက်ယောင်ခံနေတယ်လို့ ဖိလစ်ပိုင်တပ်မတော် ဒုတိယ ဗိုလ်မှူးကြီးတဦးက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း ကနေဒါ ကမ္ဘာလှည့်ခရီးသည် ၂ ဦး၊ နော်ဝေးဟိုတယ်လုပ်ငန်းရှင်တဦးနဲ့ ဖိလစ်ပိုင်အမျိုးသမီးတဦးတို့ နိုင်ငံတောင်ပိုင်းက ဒါဗာအို (Davao) မြို့မှာ အခုလိုပဲ ပြန်ပေးဆွဲခံရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up