A d v e r t i s e m e n t With Us

အင်္ဂါဂြိုဟ်ပေါ်တွင် ရှေးဟောင်းရေကန် ကြမ်းပြင်ကို တွေ့ရှိ (ရုပ်သံ)

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) ရဲ့ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် ကျူရီယိုစတီ (Curiosity) ဟာ ရှေးဟောင်း ရေကန်ကြမ်းပြင်တွေကို ရှာတွေ့ခဲ့တယ်လို့ လေ့လာမှုအသစ်က ဖော်ထုတ်လိုက်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်က မီးတောင်အူကြောင်းထဲကို ဆင်းသက်အပြီး ၃ နှစ်အကြာမှာ ခုလို ဖော်ထုတ်လိုက်တာပါ။ ရေတွေ ထပ်ခါတလဲလဲ ပြန်ပြည့်ခဲ့ဖူးတဲ့ ရေကန်ကြမ်းပြင်ရဲ့ သက်သေလို့ သိပ္ပံပညာရှင်တွေက ခေါ်ဆိုလိုက်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေအတွက် အခွင့်အလမ်း တိုးလာတာလို့ အောက်တိုဘာ ၈ ရက်နေ့က ဖြန့်ချိတဲ့ လေ့လာမှု သုံးသပ်ချက်က ဆိုပါတယ်။ လုပ်ငန်းစဉ် အစောပိုင်းမှာ ကျူရီယိုစတီဟာ ရေကန်တိမ်ကနေ စမ်းချောင်းတွေနဲ့ အနည်အနှစ်တွေရဲ့ သဲလွန်စတွေကို ရှာတွေ့ခဲ့တာပါ။ "မီးတောင်အူကြောင်းရဲ့ မျက်နှာပြင်က အချိန်နဲ့အမျှ တလွှာပြီးတလွှာ မြင့်တက်လာတယ်၊ ဒါဟာ ရေထဲက အနည်အနှစ်တွေက နှစ်ပေါင်းထောင်နဲ့ချီပြီး အနည်ကျခဲ့တဲ့ ရလဒ်ပဲ" လို့ ကာလီဖိုးနီးယား နည်းပညာတက္ကသိုလ်က ဘူမိဗေဒပညာရှင် ဂျွန် ဂရော့ဇင်းဂျာက ပြောပါတယ်။ သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုဟ်မှာ သက်ရှိတွေအတွက် လိုအပ်တယ်လို့ထင်တဲ့ ပစ္စည်းအားလုံး ရှိခဲ့ဖူးတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ဟာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ရေမျက်နှာပြင်ကို ပံ့ပိုးဖို့ ဘယ်လို စောင့်ရှောက်ခဲ့တယ် ဆိုတဲ့အချက်က ဒဏ္ဍာရီ ဖြစ်နေဆဲပါ။ ကျန်ခဲ့တဲ့ သီတင်းပတ်ကတော့ တခြား သိပ္ပံပညာရှင်အဖွဲ့တဖွဲ့က ဒီနေ့ခေတ် အင်္ဂါဂြိုဟ်ပေါ်မှာ ရာသီအလိုက် တစွန်းတစ စီးဆင်းနေတဲ့ ဆားငံရေစီးကြောင်းကို ပြထားတဲ့ သူတေသနကို ဖြန့်ချိခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ အီကွေတာတလျှောက်က ကမ်းပါးနံရံကြားကနေ တသွင်သွင်စီးလာတဲ့ ရေစီးကြောင်း သေးသေးလေး ရှိနေပေမယ့် ရေအရင်းအမြစ် ဘယ်ကလာတယ်ဆိုတာ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up