အိမ်ဖြူတော်တွင် အလုပ်သမားတဦးကို စကားပြောခွင့်ပေးသည့် အိုဘားမား (ရုပ်သံ)

2K
အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက အသင့်စားအစားအသောက် လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦးကို အိမ်ဖြူတော်မှာ စကားပြောခွင့်ပေးခဲ့ပါတယ်။
စကားပြောခွင့်ရတဲ့ အလုပ်သမားက အသက် ၃၆ နှစ် တဲရင့် ၀ှိုက်စ် ဖြစ်ပြီး ဒီလုပ်ငန်းမှာ ဆယ်စုနှစ် ၂ ခုနီးပါး အလုပ်လုပ်နေတဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ သူရဲ့ အရင် မျိုးဆက် ဖြစ်တဲ့ မိဘတွေကလည်း ဒီအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
သူက အလုပ် ၂ ခုကို လုပ်ကိုင်နေသလို မက်ဒေါ်နယ်နဲ့ ဘာဂါကင်းမှာ ၁ နာရီကို ၈ ဒေါ်လာရတယ်လို့ ဆိုပါတယ်။ သူနဲ့ စေ့စပ်ထားတဲ့သူကလည်း ကျန်းမာရေး အလုပ်သမားဖြစ်ပြီး ဒီလုပ်ငန်းမှာ ၁၂ နှစ်ကြာ အလုပ်လုပ်နေပါတယ်။
သူရဲ့စေ့စပ်ထားသူကတော့ ၁ နာရီကို ၁၀ ဒေါ်လာနဲ့ လုပ်ကိုင်နေပါတယ်။ ဒီနိုင်ငံမှာ သူတို့ဟာ အတိမ်းအစောင်း အထိခိုက်မခံတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေကိုလည်း မွေးထားသလို ဘ၀ကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတယ်လို့ သူကပြောပါတယ်။
အလုပ်ကို နေ့စဉ်ကြိုးစားလုပ်ကိုင်နေပေမယ့် လုပ်အားခက နည်းပါးတဲ့အတွက် တခါတရံ ထမင်းနပ်မမှန်သလို အိုးမဲ့အိမ်မဲ့ဖြစ်တယ်လို့ဆိုပါတယ်။
ဘာကြောင့် သူက ပိုမိုကောင်းမွန်တဲ့ အလုပ်ကို ရဖို့ တိုက်ပွဲဝင်နေသလဲ၊ အလုပ်သမားသမဂ္ဂကို ဘာကြောင့် ၀င်သလဲဆိုတာတွေကိုလည်း တဲရင့်က ပြောပါတယ်။