A d v e r t i s e m e n t With Us

လုပ်အားခ အပြည့်အ၀ရရှိရေး ဟန်ဂျင်းစက်ရုံအလုပ်သမားများ ဆက်လက်ဆန္ဒပြတောင်းဆို

စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက အနည်းဆုံး တရက် အခကြေးငွေ ၃၆၀၀ ကျပ်ရရှိရေး တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ရွှေပြည်သာစက်မှုဇုန် ၁ ဟန်ဂျင်းအထည်ချုပ် စက်ရုံက အလုပ်ရှင်အလုပ်သမား ပဋိပက္ခနဲ့ ပတ်သက်ပြီး အောက်တိုလာလ ၉ ရက်နေ့က ရန်ကုန်တိုင်း ခုံသမာဓိကောင်စီရုံးမှာ ၂ ဖက် တွေ့ဆုံညှိနှိုင်းနေပါတယ်။ မနေ့က အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ် အဆင့်ရှိသူတဦးတို့ တွေ့ဆုံဆွေးနွေးရာမှာတော့ အလုပ်ရှင်က အနည်းဆုံး တရက် အခကြေးငွေ ကျပ် ၃၆၀၀ သာ ပေးချေမယ်လို့ ပြောဆိုပြီး အခြားခံစားခွင့်တွေကို မပေးတော့ဟု ပြောထားတယ်လို့ သိရပါတယ်။ အဲဒီ့အတွက် အလုပ်သမားတွေဟာ ဒီနေ့ ၂၂ ရက်မြောက်အနေနဲ့ စက်ရုံရှေ့မှာ ဆက်လက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဓာတ်ပုံ - အာကာ

A d v e r t i s e m e n t With Us

More News
Up