A d v e r t i s e m e n t With Us

အာဂျင်တီးနား သမ္မတ မြူးတူးကခုန်နေသည့် ရုပ်သံ အင်တာနက်တွင် ပျံ့နှံ့

အာဂျင်တီးနား သမ္မတ ခရစ္စတီးနား ခရစ်နာက မြို့တော် ဗျူနိုအေးရိစ်က နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုမှာ မြူးတူးကခုန်နေတဲ့ ရုပ်သံကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားပါတယ်။ အောက်တိုဘာ ၅ ရက်က ခရစ်နာနေရာကို ဆက်ခံမယ့် လက်ရှိ အာဏာရ ဗစ်ထရီ ဖောင့် ပါတီ အမတ်လောင်း ဗျူနိုအေးရိစ် မြို့တော်ဝန် ဒယ်လ်နီယယ် စီအိုလီရဲ့ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုအပြီး  နိုင်ငံရေးသီချင်းနဲ့အတူ စည်းချက်လိုက် မြူးတူးကခုန်ခဲ့တာ ဖြစ်ပါတယ်။ မိနစ်အတော်ကြာ ကခုန်ခဲ့အပြီးမှာ ခရစ်နာက တက်ရောက်လာတဲ့သူတွေကို သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု သင်္ကေတနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ မတိုင်မီ လူထုစစ်တမ်းအရတော့ စီအိုလီက အသာစီးရနေပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက ခရစ်နာက အာဂျင်တီးနား သမ္မတ နေရာကို ခင်ပွန်း နစ်တာ ခရစ်နာထံကနေ ဆက်ခံခဲ့ပါတယ်။ သမ္မတရာထူးကို ၂ ကြိမ် ထမ်းဆောင်နေစဉ်အတွင်းမှာ အင်္ဂလန်နဲ့ အငြင်းပွားခဲ့တဲ့ ဖောက်ကလန်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up