Sunday, May 28, 2023
HomeLead Storyအမေရိကန်နှင့် ဖိလစ်ပိုင် မရိမ်းတပ်ဖွဲ့ ကမ်းတက် စစ်ရေးလေ့ကျင့် (ရုပ်သံ)

အမေရိကန်နှင့် ဖိလစ်ပိုင် မရိမ်းတပ်ဖွဲ့ ကမ်းတက် စစ်ရေးလေ့ကျင့် (ရုပ်သံ)

အမေရိကန် မရိမ်းကမ်းတက်တပ်ဖွဲ့တွေနဲ့ ဖိလစ်ပိုင် မရိမ်းတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကမ်းတက် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

နှစ်နိုင်ငံ မရိမ်းတပ်ဖွဲ့ဝင်တွေ လျှပ်တပြက် ကမ်းတက်စီးနင်းမှု တိုက်ခိုက်ရေး နည်းစနစ်တွေ၊ စစ်ဘက်ဆက်သွယ်ရေး နည်းပညာတွေနဲ့ အတွဲညီညီ လေ့ကျင့်ခဲ့ကြတယ်လို့ ဖိလစ်ပိုင် မရိမ်းတပ်ဖွဲ့ တပ်မှူးကြီးက ပြောဆိုပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ နှစ်နိုင်ငံ စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုထားတာ ပြီးခဲ့တဲ့နှစ်က ၁၀ နှစ်ပြည့်မြောက်ခဲ့တာပါ။

စာချုပ်အရ ဖိလစ်ပိုင်ရေပိုင်နက် လုံခြုံရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖိလစ်ပိုင် စစ်စခန်းတွေမှာ လွတ်လွတ်လပ်လပ် နေရာယူ တပ်စွဲခွင့် ရထားပါတယ်။

လက်ရှိ ဖိလစ်ပိုင်ရေတပ်ကို တပ်ဆင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အမေရိကန် မရိမ်းတပ်ဖွဲ့သုံး စစ်လက်နက်တွေကိုပဲ ထောက်ပံ့ပေးထားတာပါ။

အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံလည်း ဒီ ကမ်းတက်စစ်ရေးလေ့ကျင့်မှုကို လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေတာပါ။

အငြင်းပွားဖွယ် ဖိလစ်ပိုင်ရေပိုင်နက် ကင်းလှည့်စောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံက ကင်းထောက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ရင်ဆိုင်နေရတဲ့ လက်ရှိ စိန်ခေါ်မှုကတော့ စစ်အင်အားကြီးလာတဲ့ တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ဖိလစ်ပိုင်ရေပိုင်နက်တွေကို ကာကွယ်ရေးဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular