A d v e r t i s e m e n t With Us

ယုဇနဥယျာဉ်မြို့တော်တွင် လမ်းများ ဆိုးရွားစွာပျက်စီး (ဓာတ်ပုံ)

ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်တဲ့သူတွေဟာ ဆိုးရွားလွန်တဲ့ လမ်းတွေကြောင့် ခရီးသွားလာရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ လမ်းဆိုးရွားစွာ ပျက်စီးနေမှုကြောင့် မြို့တော်မှာ နေထိုင်တဲ့သူတွေနဲ့ ကားသမားတွေပါ အခက်ကြုံနေရတယ်လို့ အဲဒီမှာ နေထိုင်သူတဦးက ပြောပါတယ်။ လမ်းတွေဟာ အရင်တည်းက ပျက်စီးနေပေမယ့် ဒီနှစ်မှာတော့ အဆိုးရွားဆုံးအနေထားကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းတွေ၊ အမြန်ယာဉ်ငယ်လေးတွေအနေနဲ့ ပျက်စီးနေတဲ့ လမ်းအားလုံးကို ပြုပြင်ဖို့အတွက် ကုန်ကျစရိတ်အလွန်များလွန်းတာကြောင့် မတတ်နိုင်ကြပဲ ကိုယ်ထူကိုယ်ထ ပိုက်ဆံစုဆောင်းပြီး သွားလာရေးမှာ အရေးကြီးတဲ့လမ်းတွေကိုတော့ အုတ်ခဲကျိုးတွေခင်းပြီး ပြုပြင် သွားလာနေကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up