A d v e r t i s e m e n t With Us

ဝက်သားလာရောင်းသည့် ထိုင်းလင်မယားကို မွတ်စလင် သောင်းကျန်းသူများ ပစ်သတ်

ထိုင်းနိုင်ငံ ပဌာနီခရိုင်၊ နွန်ချော့ဒေသမှာ မနက်ခင်းဈေးထဲ ၀က်သားလာရောက် ရောင်းချတဲ့ လင်မယား ၂ ဦးကို မွတ်စလင်သောင်းကျန်းသူတွေက အောက်တိုဘာ ၈ ရက် မနက်မှာ သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီကျော် ဈေးကိုအလာ ဒီလင်မယားမောင်းနှင်လာတဲ့ ကားကို  သောင်းကျန်းသူတွေက အမ်-၁၆ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဆွီဘီချူချီခန် (၆၉ နှစ်) နဲ့ ဇနီး နူ အန်ဆရီ (၆၂ နှစ်) တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အဲဒီနေရာကနေ ၂ ကီလိုမီတာအကွာမှာ ခုလိုပဲ အလစ်ဖမ်း တိုက်ခိုက်ခံရဖူးတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီမွတ်စလင်သောင်းကျန်းသူတွေဟာ သူတို့ရဲ့ငွေတွေနဲ့ ပစ္စတိုသေနတ် တလက်ကိုလည်း ခိုးယူသွားခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up