A d v e r t i s e m e n t With Us

ပြည်ထောင်စုလွှတ်တော် လက်ကျန်သက်တမ်းတွင် ဆောင်ရွက်မည့်လုပ်ငန်းများ ထုတ်ပြန်

ကျန်နေတဲ့ လွှတ်တော်သက်တမ်းမှာ ပြည်ထောင်စုရဲ့နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး  ဥပဒေ ပြဋ္ဌာန်းဖို့ကိစ္စကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန် လိုက်ပါတယ်။ ဆက်လက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ဆောင်ရွက်ရမယ့် ကိစ္စတွေ၊ လွှတ်တော်အသီးသီးက ဆောင်ရွက်ဆဲ ဥပဒေကြမ်းတွေထဲက ဦးစားပေးဆောင်ရွက်ရမယ့် ဥပဒေကြမ်းတွေ၊ နည်းဥပဒေတွေနဲ့ တခြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ဦးမှာပါ။ လာမယ့်ရွေးကောက်ပွဲ စည်းရုံးရေးအတွက် အစည်းအဝေးတွေကို သြဂုတ် ၂၈ ရက်က ရပ်နားခဲ့ပေမယ့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ လုပ်ငန်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up