A d v e r t i s e m e n t With Us

အခွန်တိမ်းရှောင်မှုဖြင့် မက်ဆီ အမှုရင်ဆိုင်ရမည်

ဓာတ်ပုံ - ရိုက်တာ
အခွန်တိမ်းရှောင်မှုနဲ့ စပိန်လာလီဂါ ဘာစီလိုနာနဲ့ အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား လိုင်ယွန်နယ် မက်ဆီ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခွန်တိမ်းရှောင်မှု စွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ တရားလိုတွေက လျှောက်ထားပေမယ့် တရားသူကြီးက ပယ်ချခဲ့တဲ့အတွက် မက်ဆီနဲ့ ဖခင် ဂျော့တို့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမှုအတွက် ရက်သတ်မှတ်ရခြင်း မရှိသေးပါဘူး။ ယူရို ၄ သန်း အခွန်ရှောင်တိမ်းမှုနဲ့ မက်ဆီတို့ ၂ ဦး စွပ်စွဲခံထားရတာ ဖြစ်ပြီး မက်ဆီကတော့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အခွန်တာဝန်ရှိသူတွေရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် ၂၂ လ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မက်ဆီရှေ့နေကတော့ စာချုပ်တွေကို ဖတ်ရှုသုံးသပ်ဖို့အတွက် သူ့ရဲ့ အမှုသည်က အချိန်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up