A d v e r t i s e m e n t With Us

ပေါ်တူဂီအသင်း ယူရို ၂၀၁၆ ခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၈ ရက်က ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု အိုင်မှာ ပေါ်တူဂီက ဒိန်းမတ်ကို ၁ ဂိုးတည်းနဲ့ နိုင်ပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကို မော်တင်ဟိုက ဒုတိယပိုင်း ၆၆ မိနစ်မှာ သွင်းယူပါတယ်။ ပေါ်တူဂီက အိမ်ကွင်းမှာ ရော်နယ်ဒို၊ နာနီ၊ ကွန်ထရာအိုတို့နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့တာပါ။ ဒီပွဲနိုင်လို့ ပေါ်တူဂီက အင်္ဂလန်၊ ချက်၊ အိုက်စလန်၊ သြစတြီးယား၊ မြောက်အိုင်ယာလန်တို့နဲ့အတူ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ လောလောဆယ် အုပ်စု အိုင်မှာ ပေါ်တူဂီက ၁၈ မှတ်နဲ့ ဦးဆောင်နေပြီး ဒိန်းမတ်က ၁၂ မှတ်နဲ့ ဒုတိယ၊ အယ်လ်ဘေးနီးယားက ၁၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up