ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ထိတ်လန့်
DVB
·
June 24, 2011
ကချင်ပြည်နယ်မှာ ဗန်းမော်နဲ့ မြစ်ကြီးနား ကားလမ်းပေါ်က ဒေါ့ဖုန်းယန်မြို့နယ် လွယ်မောက်ယန်ကျေးရွာမှာ စစ်ယူနီဖောင်းဝတ်လူတစုဟာ ခရီးသည်တွေကို ကားပေါ်ကနေဆွဲချပြီး ရိုက်နှက်တာတွေ လုပ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
အဲဒီစစ်ယူနီဖောင်းတွေမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တံဆိပ်တွေကို တဖက်တချက်စီမှာ တတ်ဆင်ထားကြတယ်လို့ ပြောပါတယ်။
ဒီသတင်းမြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့တွေမှာ ပျံ့နှံ့ပြီး လမ်းပေါ်မှာ ယာဉ်အသွားအလာ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
ဒီလူတွေဟာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ မဟုတ်တဲ့အကြောင်းနဲ့ အဲဒီကားလမ်းပိုင်းနေရာဟာ အစိုးရတပ် ခလရ (၃၇) လုံခြုံရေးယူထားတဲ့ နေရာဖြစ်တယ်လို့ ကေအိုင်အိုက ပြောဆိုပေမယ့် တိုက်ရိုက် စွပ်စွဲခြင်းတော့ မရှိပါဘူး။