နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် မြောက်အိုင်ယာလန် ယူရို ခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

8.5K
ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ မြောက်အိုင်ယာလန်က ဂရိအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် စတီဗင် ဒေးဗစ်က ၂ ဂိုးနဲ့ တိုက်စစ်မှူး မာဂျန်းနစ်တို့က ၁ ဂိုး သွင်းယူပြီး နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူရို ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ကစားရမှာ ဖြစ်ပါတယ်။
ဂရိအသင်းအတွက် ခရစ်တို့စ် အာရာဗီဒစ်က နှစ်သိမ့်ဂိုး ၁ ဂိုး သွင်းယူသွားပါတယ်။
ပွဲသိမ်းခရာမှုတ်အပြီး မြောက်အိုင်ယာလန် ပရိသတ်တွေက အိမ်မပြန်ဘဲ ကစားကွင်းထဲမှာ သီချင်းတွေသီဆိုပြီး အောင်ပွဲခံခဲ့ပါတယ်။
မန်နေဂျာ အိုနေးလ်ကတော့ ထိပ်တန်းကစားသမား ၄ ဦး မပါပေမယ့် ပွဲကို အကောင်းဆုံး အနိုင်ကစားနိုင်တယ်လို့ ပြောပါတယ်။
အုပ်စု အက်ဖ်မှာ မြောက်အိုင်ယာလန်အသင်းဟာ ၉ ပွဲကစား၊ ရမှတ် ၂၀ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေတာပါ။
ရိုမေးနီးယားကတော့ အိမ်ကွင်းမှာ ဖင်လန်အသင်းနဲ့ ၁ ဂိုးစီသရေကျသွားလို့ ၉ ပွဲကစား ရမှတ် ၁၇ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပါတယ်။
အောက်တိုဘာ ၁၁ ရက်မှာတော့ မြောက်အိုင်ယာလန်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဖင်လန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။