A d v e r t i s e m e n t With Us

လီဗာပူးအသင်း ကလော့ကို နည်းပြခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာမှာ ဂျာဂင် ကလော့ကို ခန့်အပ်လိုက်ပါတယ်။ အသက် ၄၈ နှစ်ရှိ ဒေါ့မွန်အသင်း နည်းပြဟောင်းဟာ လီဗာပူးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ အန်ဖီးကလပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဂျာဂင် ကလော့ဟာ အထုတ်ခံရတဲ့ နည်းပြဟောင်း ဘရန်ဒန် ရော်ဂျာစ်ရဲ့ နေရာမှာ အစားထိုးခံရတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားရာ ၃ ပွဲပဲ နိုင်သေးလို့ ၁၂ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ နည်းပြ ကလော့ဟာ ဒေါ့မွန်အသင်းနည်းပြ ဘ၀တုန်းက အသင်းအတွက် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ၂ ကြိမ်ဆက်တိုက် ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up