ကမ္ဘာဖလား ခြေစစ်ပွဲ မြန်မာအသင်း လက်ဘနွန်ကို ရှုံး

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
2.9K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၈ ရက်က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်မာက လက်ဘနွန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ဘနွန်ကို တိုက်စစ်ဆင် ယှဉ်ပြိုင်သွားနိုင်ပေမယ့် အဆုံးသတ်ပိုင်းတွေ အားနည်းနေတဲ့အတွက် ဂိုးမသွင်းနိုင်တာ ဖြစ်ပါတယ်။
လက်ဘနွန်အတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူပါတယ်။
မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုများခဲ့ပြီး လက်ဘနွန်က တန်ပြန် တိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လက်ဘနွန်က တောင်ပံတွေကို အားပြု ယှဉ်ပြိုင်သွားပါတယ်။
မြန်မာအသင်းက နန္ဒကျော်ရဲ့ ကန်ချက်ကိုလည်း လက်ဘနွန်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ သန်းပိုင်အစား အောင်သူ ၀င်ရောက်ကစားခဲ့ပြီး တိုက်စစ်လည်း ပိုဆင်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
လက်ဘနွန်အတွက် ဒုတိယဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူသွားပါတယ်။
ဒီပွဲကို မြန်မာပရိသတ်တွေ ရာနဲ့ချီ လာရောက် အားပေးခဲ့ပါတယ်။
မြန်မာအသင်းဟာ လောလောဆယ် အုပ်စု ဂျီ မှာ ၁ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။
အောက်တိုဘာ ၁၃ ရက်မှာ မြန်မာအသင်းဟာ လာအိုအသင်းနဲ့ ၅ ပွဲမြောက် ခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။