A d v e r t i s e m e n t With Us

ဂီတသံကြားပြီး သီဆိုကပြသည့် သန္ဓေသားလောင်း ကလေးငယ် (ရုပ်သံ)

စပိန်နိုင်ငံက မိခင်တဦးရဲ့ သားအိမ်ထဲမှာ သီတင်းပတ် ၁၆ ပတ်ရှိပြီဖြစ်တဲ့ သန္ဓေသားလောင်း ကလေးငယ်ဟာ ဂီတသံနဲ့အတူ သီဆိုကနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးမေရာသတင်းမှာ ဖော်ပြပါတယ်။ အံ့သြစရာကောင်းတဲ့ ဒီဗွီဒီယိုဖိုင်မှာတော့ သန္ဓေသားကလေးငယ်ဟာ မိခင်အင်္ဂါကတဆင့် ထုတ်လွှတ်တဲ့အသံကို ကြားနိုင်ပြီး ပါးစပ်ကို လှုပ်ရှားပုံနဲ့ ဂီတသံနဲ့အတူ လှုပ်ရှားပုံတွေကို ချစ်စရာကောင်းတဲ့ သုံးဘက်မြင်ပုံရိပ်တွေအဖြစ် တွေ့မြင်နိုင်ပါတယ်။ ဗြိတိန်နိုင်ငံက ဆေးပညာဆိုင်ရာ အာလ်ထရာဆောင်းဂျာနယ်က ဆေးပညာရှင်တွေဟာ အထူးပြုလုပ်ထားတဲ့ ကိရိယာကို မိခင်ရဲ့ အင်္ဂါကနေတဆင့် ထိုးသွင်းပြီး ဂီတကို နားဆင်စေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိခင်ဝမ်းဗိုက်တွင်း တစ်ရှူးတွေက ထုတ်လွှင့်လိုက်တဲ့ ဂီတသံကို စုပ်ယူထားလိုက်တာဖြစ်ပြီး အဲဒီအသံကို တဆင့်ပြန်လည် ထုတ်လွှတ်တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီသုတေသနမှာ သန္ဓေသားလောင်းတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ သူတို့ရဲ့ပါးစပ် ဒါမှမဟုတ် လျှာကို အလိုရှိသလို ရွေ့လျားနိုင်တယ်လို့ ပြောပါတယ်။ ဘာစီလိုနာနဲ့ မီလန်မြို့တွေက ဆေးပညာဆိုင်ရာ ပညာရှင်တွေက ခုလိုတွေ့ရှိမှုဟာ မွေးဖွားပြီးနောက်ပိုင်း ကလေးငယ်ရဲ့ အသံစွမ်းရည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်လိမ့်မယ်လို့  ပြောပါတယ်။ အဲဒီသုတေသနမှာ ပါဝင်တဲ့ ဒေါက်တာ မာရီဆာလိုပက်ဇ်တီဂျန်က အခုတွေ့ရှိမှုဟာ သန္ဓေသားလောင်းက မိခင်ရဲ့ အင်္ဂါမှတဆင့် လွှင့်ထုတ်တဲ့ ဂီတသံကို မမွေးခင်တည်းက ကြားနိုင်တယ်ဆိုတာ တွေ့ရှိရပြီး သန္ဓေသားလောင်းဟာ ထုတ်လွှင့်လိုက်တဲ့ ဂီတကို တုံ့ပြန်နိုင်တဲ့အတွက် တနည်းအားဖြင့်ပြောရရင် မမွေးခင်တည်းက သင်ယူလေ့လာမှု စတင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up