A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ခြေစစ်ပွဲ ဂျာမနီ ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၈ ရက်ညမှာ ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ နာမည်ကြီး ဂျာမနီအသင်း အိုင်ယာလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ အိုင်ယာလန်က အိမ်ကွင်းမှာ အနိုင်ရလိုက်လို့ ယူရိုခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ အိုင်ယာလန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း မိနစ် ၇၀ မှာ လောင်းက သွင်းယူပါတယ်။ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရတာပါ။ လက်ရှိ အုပ်စု ဃ မှာ ဂျာမနီက ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး ပိုလန်က ၁၈ မှတ်နဲ့ ဒုတိယ၊ အိုင်ယာလန်ကလည်း ၁၈ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up