A d v e r t i s e m e n t With Us

နိုင်ငံတကာအဆင့်မီ စကိတ်အားကစားကွင်း ရန်ကုန်မြို့တွင် တည်ဆောက်မည်

လာမယ့်နိုဝင်လာလမှာ ပထမဆုံးနိုင်ငံတကာအဆင့်မီ စကိတ်အားကစားကွင်း တခုကို ရန်ကုန်မြို့မှာ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစကိတ်စီးသူများ အသင်း (Myanmar Skate Association)က အောက်တိုဘာလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ စကိတ်အားကစား ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တည်ဆောက်မယ့် အဲဒီ စကိတ် အားကစားကွင်းကို Make Life Skate Life အဖွဲ့က အဓိက ပံ့ပိုးပေးတာဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၉,၅၀၀ ကျသင့်မယ့် အဲဒီစကိတ်အားကစားကွင်းကို ပြည်တွင်းပြည်ပအလှူရှင်တွေက ပံ့ပိုးကူညီပေးသွားမယ်လို့ သတင်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာ စကိတ်အားကစားသမား ၄၀၀ ကျော်လောက်ရှိနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up