A d v e r t i s e m e n t With Us

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ ကချင်နှင် စစ်ကိုင်းတို့တွင် မိုးကြီးမည်

ယခုနှစ် သြဂုတ်လက ချင်းပြည်နယ် ဟားခါးမြို့တွင် မိုးကြီးပြီး မြေပြိုစဉ်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီနေ့ မွန်းလွဲပိုင်းကစပြီး နောက် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းရိုး တလျှောက်နဲ့ ကမ်းလွန်ဒေသများတွင် ရံဖန်ရခါ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး ရေပြင်မြေပြင်လေဟာ ၁ နာရီ မိုင်(၃၅ - ၄၀)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ ခေတ္တမျှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေ မှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ ဦးထွန်းလွင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေမွန်းလွဲပိုင်းကစပြီ့း  ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်း ကမ်းခြေကို ရခိုင်ပြည်နယ်မြောက်ပိုင်းအနီးမှ ကုန်းတွင်းပိုင်းသို့ စတင်ဖြတ်ကျော် ၀င်ရောက်လျက် ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up