သြစတြေးလျတွင် လည်ပင်ရိုးကျိုး ကလေးကို ပြန်တွဲဆက်ပေး

1.7K
သြစတြေးလျနိုင်ငံ ဘရစ္စဘိန်း ပြည်နယ်ဆေးရုံက ခွဲစိတ်ကုဆရာဝန်တွေဟာ လည်ပင်းရိုး ကျိုးသွားတဲ့ ကလေးရဲ့ ဦးခေါင်းကို ကျောရိုးနဲ့ ပြန်တွဲဆက်ပေးနိုင်ခဲ့ပါတယ်။
၁၆ လသားအရွယ် ဂျာဆွန် တေလာဟာ မိခင်၊ ၉ နှစ်အရွယ် အစ်မတို့နဲ့အတူ ကားနဲ့ ခရီးသွားနေတုန်း တခြားကားတစီးနဲ့ တိုက်မိခဲ့တာပါ။
၁ နာရီကို မိုင် ၇၀ နှုန်းအရှိန်နဲ့ တိုက်မိတာလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဒီအရှိန်ကြောင့် ကလေးရဲ့ လည်ပင်းက အတွင်းမှာ ကျိုးခဲ့တာပါ။
ကလေးရဲ့ မိခင်ကတော့ သူကို ဆွဲထုတ်တဲ့ စက္ကန့်ပိုင်းအတွင်း လည်ပင်းကျိုးခဲ့မှန်း သိလိုက်တယ်လို့ ပြောပါတယ်။
ဂျာဆွန်ကို လေကြောင်းနဲ့ ဘရစ္စဘိန်း ဆေးရုံကို သယ်လာခဲ့ရပါတယ်။ ဒေါက်တာ ဂျီရော့ အဲ့စ်ကင်း ခေါင်းဆောင်တဲ့ ခွဲစိတ်အထူးကုဆရာဝန်တွေက ၆ နာရီကြာ ခွဲစိတ်ကုသမှုအတွင်း ခေါင်းနဲ့ ကျောရိုးကို ပြန်ဆက်ပေးခဲ့ပါတယ်။
ကလေးအများအပြားက ဒီလို ဒဏ်ရာရရင် နေရာမှာတင် ပွဲချင်းပြီးပဲလို့ ဒေါက်တာ အဲ့စ်ကင်က ပြောပါတယ်။
ကလေးအဖေကတော့ ကလေး ၂ ယောက်လုံးကို ပြန်ကောင်းအောင် လုပ်ပေးခဲ့လို့ ကျေးဇူး သိပ်တင်တယ်လို့ ပြောပါတယ်။
ဂျာဆွန်ဟာ သူ့ခေါင်းထိန်းကိရိယာကို သီတင်းပတ် ၈ ပတ်ကြာ ဝတ်ဆင် ထားရမှာပါ။ ဒါဟာ ခေါင်းနဲ့ ကျောရိုးကို ချိတ်ဆက်ထားတဲ့ အသားမျှင်တွေနဲ့ အာရုံကြောတွေကို ပြန်ကောင်းအောင် ကူညီလိမ့်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။