A d v e r t i s e m e n t With Us

နိုင်ငံရေးတွေ မပြောချင်တဲ့ မေခလာသီချင်း အွန်လိုင်းတွင် ပျံ့နှံ့ (ရုပ်သံ)

တေးရေး နိုင်မြန်မာရေးသားထားပြီး နာမည်ကြီးအဆိုတော် မေခလာကိုယ်တိုင် ပါဝင် သရုပ်ဆောင်သီဆိုထားတဲ့ "နိုင်ငံရေးတွေ မပြောချင်ဘူး" ဆိုတဲ့ တေးသီချင်းတပုဒ်ကို မေခလာက သူ့လူမှုကွန်ရက်ကနေ ဖြန်ချိလိုက်ပါတယ်။ ဒီဗွီဒီယိုဖိုင်ထဲမှာ ဆင်းရဲသူ ကလေး အမေအဖြစ် မေခလာက ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ “ဒီမိုကရေစီပေးပြီးတော့မှ အာဏာရှင်ကြီး ဖြစ်သွားပြန်ပြီလား၊” “နိုင်ငံရေးတွေ မပြော ချင်ဘူး၊ ပေတရာပေါ်ကို မေခလာ ထွက်ပြီး သပိတ်မှောက်လိုက်ရမလား၊” “ဒီအိမ်ပေါ်မှာ ဒီလိုပုံစံနဲ့ ငြိမ်းချမ်းရေးရမလား” ဆိုတဲ့ သီချင်းစာသားတွေကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်မှာ အသေအချာဖြစ်ပါတယ်။ “မတရားတော့ မလုပ်နဲ့သိရဲ့လား မေခလာ ထမီကို ခါးတောင်းကျိုက်လိုက်မယ်၊ ဗလမရှိလည်း ဇတော့ ရှိသား”ဆိုတဲ့ စာသားတွေကလည်း လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နာရီလောက်က မေခလာရဲ့ လူမှုရေးကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး ဒီဗွီဒီယိုဖိုင်ကို ရှယ်တဲ့သူ ၂၄၉၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ရုပ်သံ - Maykhalar Nge Nge

A d v e r t i s e m e n t With Us

More News
Up