ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ရာချီ ဆန္ဒပြ
DVB
·
October 8, 2015
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခိုရတ်ခရိုင် လန်သောင် ကြက်သားစက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရာချီပြီး အောက်တိုဘာ ၈ ရက်မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်ညမှာ စက်ရုံက မြန်မာအလုပ်သမား ၁၃ ဦးကို အလုပ်ဖြုတ်လိုက်တဲ့အတွက် ဆန္ဒပြတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ေနတဲ့ အန်ဒီဟောရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
အလုပ်သမားတွေအပေါ် တရားမျှတမှု မရှိသလို ဥပဒေနဲ့ မညီတဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမားခေါင်းဆောင်က မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်ကို ပြောတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့တွေလည်း ရောက်ရှိလာပြီး အလုပ်သမားတွေနဲ့ စီမံခန့်ခွဲရေးအဖွဲ့အကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
စက်ရုံအလုပ်သမားတွေကတော့ စက်ရုံရဲ့ စီမံခန့်ခွဲရေးနဲ့ ညှိနှိုင်းဆောင်ရွက်တာဟာ အလုပ်မဖြစ်သလို စက်ရုံက အလုပ်သမားတွေ ခံစားနေရတဲ့ နစ်နာချက်၊ မကျေနပ်ချက်တွေကို တရားဝင်ဖော်ထုတ်ခွင့်မရဘူးလို့ ဆိုပါတယ်။
ဒါအပြင် ဗီဇာအတုနဲ့ ပွဲစားတွေရဲ့ မတော်မတရားခြိမ်းခြောက် ငွေညှစ်တာတွေကလည်း အဓိက စိန်ခေါ်မှုတွေ ဖြစ်ပြီး အလုပ်သမား အခွင့်အရေးကို စက်ရုံက စနစ်တကျချိုးဖောက်နေကြောင်း အလုပ်သမားတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။
လန်သောင် ကြက်သားစက်ရုံဟာ ထိုင်းက ကြက်သားတွေကို ကမ္ဘာဈေးကွက်ကို တင်ပို့နေပါတယ်။
ဓာတ်ပုံ - Andy Hall