အစ္စရေးအမျိုးသားကို ပါလက်စတိုင်း မိန်းကလေးငယ်က ဓားဖြင့်ထိုး (ရုပ်သံ)

အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့ဟောင်းမှာ အစ္စရေးအမျိုးသားတဦးကို ဓားနဲ့ထိုးခဲ့တဲ့ ပါလက်စတိုင်း မိန်းကလေးငယ်ဟာ သေနတ်နဲ့ပြန်လည်ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့က ပြောဆိုပါတယ်။ အသက် ၃၀ အရွယ် အစ္စရေးအမျိုးသားကတော့ ဓားဒဏ်ရာရရှိခဲ့ပြီး သူသေနတ်နဲ့ ပစ်လိုက်တဲ့ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းမိန်းကလေးငယ်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ ဂျေရုစလင်မြို့နဲ့ အစ္စရေးသိမ်းပိုက်ထးတဲ့ အနောက်ဘက်ကမ်းမှာ အခုလိုဓားထိုးမှု၊ တိုက်ခိုက်မှုတွေနဲ့ လူ ၈ ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့က အနောက်ဘက်ကမ်းမှာ အစ္စရေးလုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဆန္ဒပြပါလက်စတိုင်းလူငယ် ၂ ဦးနဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ သေဆုံးခဲ့တဲ့ လူငယ် ၂ ဦးထဲက ၁၃ နှစ်အရွယ်တဦးကို  မှားယွင်းပစ်ခတ်မိတာလို့ အစ္စရေးမီဒီယာတွေက ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့တပတ်ကတော့ အစ္စရေးဇနီးမောင်နှံ ၂ ဦးကို သေနတ်သမားတွေက ပစ်သတ်သွားကြပြီး ဟားမတ်အဖွဲ့ဝင် ၅ ဦးက သူတို့ သတ်ဖြတ်ကြောင်း ၀န်ခံထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up