A d v e r t i s e m e n t With Us

ကျပ်သန်း ၁၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ကျပ်သန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို အောက်တိုဘာ ၇ ရက်နေ့က တာချီလိတ်မြို့တွင်း သယ်ဆောင်လာတုန်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ နယ်မြေခံတပ်ရင်း ၃၃၁၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့   ဌာနဆိုင်ရာပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာကနေ မောင်းနှင်လာတဲ့ Vigo အမျိုးအစား ခဲရောင်ယာဉ်ကို တာချီလိတ်မြို့အ၀င် လွယ်တော်ခမ်း စုပေါင်းဂိတ်မှာ ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ဘက် ကြမ်းခင်းအတွင်းမှ အံဝှက်လုပ်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိတာပါ။ ဖမ်းဆီးရမိတဲ့  စိတ်ကြွဆေးပြားတွေမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၀၀၀ ပါ အထုပ်ကြီး ၅၆ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၄၈၀၀ ဖြစ်တယ်လို့ နယ်ခံ သတင်းထောက်က ပြောပါတယ်။ သယ်ဆောင်လာသူမှာ အိုက်ရှဲန် (ခ) အိုက်စိုင်းဆိုင်ဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ သတင်းဓာတ်ပုံ - ကိုဇက်  

A d v e r t i s e m e n t With Us

More News
Up