ဖီဖာဥက္ကဋ္ဌကို ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့

1.7K
ကျင့်ဝတ် ကော်မတီက စုံစမ်းစစ်ဆေး ပြုလုပ်အပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ရာထူးကနေ ရက် ၉၀ ယာယီချထားလိုက်ပါတယ်။
အသက် ၇၉ နှစ် ဘလတ္တာကတော့ အမှားအယွင်း မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။
ဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ကော်မတီက အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဘလတ္တာ ရှေ့နေတွေက ပြောပါတယ်။
ဆွစ်ဇာလန် အစိုးရက ရှေ့နေချုပ်ရုံးကလည်း ရာဇ၀တ်ကြောင်းအရ ဘလတ္တာကို အမှုဖွင့်ထားပါတယ်။
ဘောလုံးအဖွဲ့ချုပ်အတွက် ကန်ထရိုက်တခု လက်မှတ်ရေးထိုးခဲ့မှုနဲ့ ဘလတ္တာကို တရားစွဲဆို ထားသလို ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုက်ယ် ပလာတီနီကိုလည်း ဒေါ်လာ ၂ သန်းပေးတယ်ဆိုပြီး စွပ်စွဲခံ ထားရပါတယ်။