ရဲနှစ်ဦးကို သတ်ခဲ့သည့် တရားခံကို ရုံးထုတ် စွဲချက်တင်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ ရဲနှစ်ဦးကို သတ်ခဲ့အမှုနဲ့ တရားစွဲခံထားရတဲ့ တရားခံ ဦးတင်မြင့် ကို အောက်တိုဘာလ ၇ ရက်နေ့မှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။ သူ့ကို သန်လျင်မြို့နယ်တရားရုံးက ပုဒ်မ (၃၀၂) (၃၃၂)နဲ့ စွဲချက်တင်လိုက်ပြီး နောက်ရုံးချိန်းကို လာမဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ပထမရုံးချိန်းမှာ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့်မပေးပဲ ရုံးထုတ်ခဲ့တာဖြစ်သလို အခုဒုတိယအကြိမ် ရုံးထုတ်ချိန်မှာလည်း တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။ သတင်းမီဒီယာတွေကိုလည်း ဓာတ်ပုံရိုက်ကူးခွင့်မပေးခဲ့ပါဘူး။ တရားခံ ဖြစ်သူ ဦးတင်မြင့်ကို ခေါ်ဆောင်သွားရာမှာ လုံခြုံရေးအင်အားတင်းကျပ်စွာနဲ့ ရဲဝန်ထမ်း ၄ ယောက်လောက်က ခေါ်သွားတာဖြစ်ပါတယ်။ ဦးတင်မြင့်ဟာ ဓားထိုးမှုတခုကြောင့် ၀ရမ်းပြေးအဖြစ်ပုန်းရှောင်နေတာကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာကနေ လူသတ်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီဒီယာတွေ ၀င်ရောက်တာကို ရဲတပ်ဖွဲ့ကလုံခြုံရေးအရ တားဆီးတာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောဆိုသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up