A d v e r t i s e m e n t With Us

မလေးရှား ကေအယ်လ်တာဝါပေါ်မှ သက်စွန့်ဆံဖျား အမြင့်ခုန် စူပါဟီးရိုးများ (ရုပ်သံ)

ဒီသီတင်းပတ်အတွင်းမှာ အဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ အမြင့်ပေ ၄၂၁ မီတာရှိတဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ တာဝါပေါ်ကနေ အမြင့်ခုန် သရုပ်ပြခဲ့ကြတယ်လို့ ဒေးလီးမေးသတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ နာမည်ကျော် ကာတွန်းဇာတ်ကောင် စူပါဟီးရိုးဝတ်စုံတွေကို ၀တ်ဆင်ပြီး ခုလို သရုပ်ပြခဲ့ကြတာဖြစ်ပြီး ဒါဟာ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် နိုင်ငံတကာ အမြင့်ခုန်ပြိုင်ပွဲမှာ ရင်သပ်ရှုမောဖွယ် သရုပ်ပြခဲ့ကြတာပါ။ ၃ ရက်ကြာကျင်းပတဲ့ အဲဒီပွဲတော်ကို ကမ္ဘာတလွှားက စွန့်စား အမြင့်ခုန် အားကစားသမားတွေ လာရောက်ခဲ့ကြပြီး သြစတြေးလျမှ လောရင့်စ်ဂျုံးက ပင့်ကူလူသားဝတ်စုံ၊ အမေရိကန်မှ မက်သရူးဘလန့်ခ်က ကက်ပတိန် အမေရိက၀တ်စုံ စတဲ့ ထင်ရှားတဲ့ စူပါဟီးရိုး ဇာတ်ကောင်ဝတ်စုံတွေ ၀တ်ဆင်ခဲ့ကြပြီး သရုပ်ပြခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up