A d v e r t i s e m e n t With Us

ကလေးငယ်ကို ကားပေါ်တင်မောင်းသည့် ခွေးကလေး (ရုပ်သံ)

ဒီရုပ်သံဖိုင်ထဲက ခွေးကလေး ဒေစီက ကားမောင်းတတ်အောင် ဘယ်လို သင်ထားသလဲတော့ မသိပါဘူး။ ကားမမောင်းတတ်ရင် ဒီခွေးလေး မောင်းတဲ့ ကားကို လိုက်စီးရမလိုပါပဲ။ ခွေးလေးမောင်းနေတဲ့ ကားကို လမ်းလျှောက်တတ်စ ကလေးကတော့ ယုံယုံကြည်ကြည် လိုက်စီးနေသလို မိဘတွေကလည်း ဒီခွေးလေးရဲ့ ကားမောင်းစွမ်းရည်ကို ယုံကြည်တဲ့အတွက် တစုံတရာ ကြားဝင်ခြင်းမရှိဘဲ ကြည်ကြည်ဖြူဖြူ လွှတ်ထားပေးတာကို တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကို အမေရိကန်ပြည်ထောင်စုက ကလေး မိခင် ဂျက်ဆီကာဝက်ဖ်က ယူကျူမှာ စက်တင်ဘာ ၃၀ ရက်က တင်ခဲ့ပြီး အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပါတယ်။ တချို့ကလည်း ဒါဟာ ခွေးလေးမောင်းတာမဟုတ်ပဲ ထိန်းချုပ်ကရိယာကနေ တဆင့် မောင်းနေတာ ဖြစ်တယ်လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။ ဂျက်ဆီကာကတော့ ခွေးကလေး စီယာတိုင်ကို ကိုင်ထားပြီး ကားကို ပဲ့ကိုင်နေတာကို ကြည့်ပါလို့ တုံ့ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up