နေပြည်တော်တွင် လူသတ်မုဒိမ်းမှု ကျူးလွန်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိ
DVB
·
October 7, 2015
နေပြည်တော် Junction Center အနောက်ဘက်ရှိ သံတမန်ဇုန်အနီး လူသတ်မှုနဲ့ မုဒိမ်းမှုတို့ ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဖမ်းဆီးရမိပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် Junction Centre အနောက်ဘက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၁၇ နှစ်အရွယ် လင်မယားကို အမည်မသိ လူ ၄ ဦးက သံတမန်ဝင်းအရောက်မှာ ဆိုင်ကယ်ကို တွန်းလှဲကာ ယောက်ျားဖြစ်သူကို လူ ၂ ဦးက ဆွဲခေါ်ပြီး ဓားနဲ့ ထိုးခဲ့သတ်ခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကိုတော့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြပါတယ်။
အမျိုးသမီးဟာ ထွက်ပြေးလွတ်မြောက်လာပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူပေးဖို့ ဒက္ခိဏသီရိမြို့မ ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက အမှုမှန်ပေါ် ပေါက်ရေး စီမံဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ အောင်တင်မျိုး (ခ) အောင်ပိုင် (၂၀) နှစ်နဲ့ ကျော်မောင် (ခ) ဇော်ဇော်အောင် (၁၉) နှစ်ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓားတွေနဲ့အတူ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။