အမေရိကန်ရောက် မြန်မာ ဒုက္ခသည်တဦး သေနတ်ပစ်ခံရ သေဆုံး

Crime scene tape remained up Tuesday morning at Orange Avenue and Walsh Street in St. Paul after a man was shot Monday night and died soon after. (Pioneer Press: Mara H. Gottfried)
3.5K
အမေရိကန် ပြည်ထောင်စုမှာ မင်နီဆိုတာမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည် တဦးဟာ အောက်တိုဘာ ၅ ရက်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားပါတယ်။
[caption id="attachment_115239" align="alignright" width="250"]
ဦးထူးဘော[/caption]
အသက် ၅၄ နှစ်အရွယ် ဦးထူးဘောဟာ အိမ်ကို ပြန်လာပြီး ကားပေါ်က ပစ္စည်းတွေ ချနေစဉ်မှာ ပစ်ခံရတာလို့ ဆိုပါတယ်။
ရန်သူမရှိတဲ့ ဦးထူးဘော အခုလို ပစ်ခတ်ခံရတဲ့အတွက် ဆွေမျိုးတွေကလည်း စိုးရိမ်ထိတ်လန့်နေတယ်လို့ တွင်းစီးတီး သတင်းမှာ ရေးပါတယ်။
ပစ်ခတ်သွားတဲ့သူကို မမြင်လိုက်ရသလို သူ့ဆီက ဘာတွေ ယူသွားသလဲဆိုတာကို မသိရဘူးလို့ ဦးထူးဘော မိသားစုကို ကိုးကားပြီး သတင်းက ရေးပါတယ်။
ရဲတပ်ဖွဲတွေကလည်း စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေသလို ဦးထူးဘောနဲ့အတူ တခြား တယောက်လည်း ပစ်ခံရပေမယ့် သူကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြော ဆိုခြင်း မရှိပါဘူး။
ဦးထူးဘောမှာ သမီး ၃ ဦးနဲ့ မြေ ၄ ဦးရှိပါတယ်။ ဦးထူးဘောဟာ ကရင်တိုင်းရင်းသား တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် အမေရိကန်ကို မလာမီ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။