A d v e r t i s e m e n t With Us

ရူပဗေဒ နိုဘယ်လ်ဆု ဂျပန်နှင့်ကနေဒါ ပညာရှင်တို့ ပူးတွဲဆွတ်ခူး

ကဂျီတ နှင့် မက်ဒေါ်နယ်
၂၀၁၅ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုကို ဂျပန်နဲ့ ကနေဒါ ပညာရှင် ၂ ယောက် အောက်တိုဘာ ၆ ရက်နေ့က ပူးတွဲဆွတ်ခူးခဲ့ပါတယ်။ နျူ ထရီနော့စ်လို့ ခေါ်တဲ့ အနုမြူအမှုန်ကို ရှာတွေ့ခဲ့တဲ့အတွက် ခုလို ဆုရတာပါ။ ဒါဟာ စကြာဝဠာရဲ့ အခြေခံ သဘာဝအတွက် ပြတင်းတံခါးအသစ်ကို ဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအမှုန်တွေဟာ အလင်းမှုန်တွေပြီးရင် ဒုတိယအများဆုံး အလျှံပယ် ရှိနေတဲ့ အမှုန်တွေပါ။ စက္ကန့်တိုင်းမှာ လူ့ခန္ဓာကိုယ်ကို အမှုန်သန်းပေါင်း ထောင်ချီ ဖြတ်သန်း စီးဆင်းနေပေမယ့် သူ့ရဲ့ တကယ့် သဘာဝကို နည်းနည်းပဲ နားလည်ခဲ့ကြပါတယ်။ တာကာအကီ ကဂျီတ နဲ့ အာသာ မက်ဒေါ်နယ်တို့က နျူထရီနိုအမှုန်တွေ လူးလာဆန်ခတ် လှုပ်ရှားမှု ဖြစ်စဉ်ကိုပါ ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ စကြာဝဠာရဲ့ အနာဂတ် ကံကြမ္မာနဲ့ သမိုင်းအပေါ် နားလည်မှု ပြောင်းလဲရေး သိပ္ပံအခြေခံအတွေးတွေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ကဂျီတဟာ စကြာဝဠာ ရောင်စဉ်တန်း သုတေသနရုံး ညွှန်ကြားရေးမှူးပါ။ ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ် ပါမောက္ခလည်း ဖြစ်ပါတယ်။ မက်ဒေါ်နယ်ကတော့ ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခပါ။ မက်ဒေါ်နယ်ကတော့ သူနဲ့ အဖွဲ့ရဲ့ ကြိုးစားမှုအပေါ် အသိအမှတ် ပြုတဲ့အတွက် ကျေနပ် ကြည်နူးရတယ်လို့ တယ်လီဖုန်းကတဆင့် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုဘယ်လ်ဆု ချီးမြှင့်ရေးကော်မတီဝင်နဲ့ စတော့ဟုမ်းတက္ကသိုလ် ရူပဗေဒပါမောက္ခ ဘာဘရို အဲ့စ်မန်ကတော့ ဒီရှာတွေ့မှုဟာ ရူပဗေဒနယ်ပယ်မှာ အရေးပါတဲ့ အပြောင်းအလဲ ဖြစ်တယ်လို့ ပြောပါတယ်။ နိုဘယ်လ်ဆုအတွက် အမေရိကန်ဒေါ်လာ ၉ သိန်း ၆ သောင်း ၂ ထောင်နဲ့ ညီမျှတဲ့ ဆွီဒင်ငွေ ၈ သန်းကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ နိုဘယ်လ်ဆုကို ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေး သြဇာရှင် အဲဖရက် နိုဘယ်လ်ရဲ့ သေတမ်းစာနဲ့ အညီ ချီးမြှင့်တာပါ။ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးနယ်ပယ်တွေမှာ စွမ်းဆောင်နိုင်သူတွေကို ချီးမြှင့်လာတာ ၁၉၀၁ ခုနှစ်တည်းက ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up