A d v e r t i s e m e n t With Us

နှစ်ပေါင်း ၁၂၀၀ ခန့် ရေအောက်နစ်မြုပ် မြို့တော်မှ ပစ္စည်းများ ဆယ်ယူ(ရုပ်သံ)

သွန်းနစ်-အီရတ်ကလီအွန် မြို့ဟောင်း အစိတ်အပိုင်းဖြစ်တဲ့ နတ်ဘုရားရုပ်ထုတွေနဲ့ ရှေးလူ အသုံးအဆောင် ပစ္စည်း ၂၅၀ ခန့်ကို ရှေ့ဟောင်း သုတေသီတွေက ရေပေါ်ဆယ်ယူနိုင်တဲ့ ရုပ်သံဖိုင်ကို သတင်းဌာနတွေက ဖော်ပြနေပါတယ်။ ၇ နှစ်နီးပါး ဆယ်ယူရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ ရေအောက်မြုပ်နေတဲ့ ပစ္စည်းတွေကို ဆယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်သံမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆယ်ယူရရှိတဲ့ ပစ္စည်းတွေထဲမှာ အိုင်ဇက်၊ ဟာပီ နတ်ဘုရားရုပ်တုတွေပါဝင်သလို ဒီပစ္စည်းတွေကို ပြင်သစ်မှာ ပြသထားတယ်လို့လည်း ဆိုပါတယ်။ အီဂျစ်မြို့တော်ဟောင်းဟာ ရေအောက်မှာ ၁၂၀၀ နှစ် နီးပါး မြေထဲပင်လယ်ထဲမှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့ သူတွေကလည်း ၂၀၀၁ ခုနှစ် မတိုင်မီအထိ ဒီနေရာကို ရာစုနှစ်နဲ့ချီ ရှာဖွေဖို့ မေ့လျော့နေတာ ဖြစ်ပါတယ်။ ၁၉၇၉ နိုင်းမြစ် တိုက်ပွဲအတွင်း နစ်မြုပ်သွားတဲ့ နာပိုလီယံရဲ့ သင်္ဘောတွေကို ရှာဖွေတဲ့ ပြင်သစ် ရှေ့ဟောင်း သုတေသနပညာရှင် ဖရန့် ဂေါ်ဒီယို ဒီနေရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up