A d v e r t i s e m e n t With Us

ဂျပန် အိုးပင်း ၀ါရင်ကာ ဒုတိယအဆင့်တက် (ရုပ်သံ)

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ဂျပန် အိုးပင်းအမျိုးသား တင်းနစ်ပြိုင်ပွဲမှာ ဆွစ်ဇာလန်နိုင်ငံသား  စတန့်ဝါရင်ကာက ချက်သမ္မတနိုင်ငံက ရာဒက် စတီဖန်နက်ကို အနိုင်ရပြီး ဒုတိယအဆင့် တက်ရောက်သွားပါတယ်။ ၀ါရင်ကာက ပြိုင်ပွဲကို အကောင်းဆုံး စတင်ကစားနိုင်ပြီးတော့ သူရဲ့ လက်ပြန်ရိုက်ချက်တွေကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက်က ၇၈ မိနစ်နီးပါး ကစားခဲ့အပြီးမှာ ၀ါရင်ကာက ၇-၅၊ ၆-၃နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်မှာတော့ ၀ါရင်ကာက ဒုတိယအဆင့်မှာ ဂျပန်က တက်ဆုမာအီတိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up