အာဖရိကတွင် အင်တာနက်အသုံးပြုနိုင်ရေး ဖေ့စ်ဘွတ်ခ်က ဂြိုဟ်တုလွှတ်တင်မည်
DVB
·
October 7, 2015
အာဖရိက ဝေးလံခေါင်ဖျားတဲ့နေရာမှာ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်က ဂြိုဟ်တုလွှတ်တင်သွားမှာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်တည်ထောင်သူ ဇူကာဘတ်က ၂၀၁၆ ခုနှစ်မှာ ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
"ကမ္ဘာတ၀န်းလုံးကို ဆက်သွယ်ဖို့အတွက် ကျနော်တို့ အလုပ်လုပ်နေပါတယ်” လို့ ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးပါတယ်။
ဒါဟာ နိုင်ငံတော်တော်များများက ဝေဖန်နေတဲ့ ဖေ့စ်ဘွတ်ရဲ့ Internet.org စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အထူးသဖြင့် အိန္ဒိယကတော့ ဒီစီမံကိန်းဟာ ဖေ့စ်ဘွတ်ခ်နဲ့ လုပ်ဖော်ကိုင်ဘက် တော်တော်များများကို အင်တာနက်ဖွံ့ဖြိုးဆဲ ဈေးကွက်တွေမှာ အသာရစေမယ်လို့ တုံ့ပြန်ပါတယ်။
Internet.org စီမံကိန်းက အင်တာနက်မရနိုင်တဲ့ ဒေသတွေကို တခြားနည်းလမ်းနဲ့ အင်တာနက်ရအောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ကုမ္ပဏီတော်တော်များများက ဂြိုဟ်တုကနေတဆင့် အင်တာနက်ရရှိအောင် လုပ်ဆောင်ပေးပေမယ့် ဖွံ့ဖြိုးစနိုင်ငံက လူတွေအတွက်တော့ ဈေးကြီးတဲ့အတွက် လက်လှမ်းမမီ ဖြစ်နေပါတယ်။