ဒဏ်ရာကြောင့် နောက်ခံလူ စတုန်း အင်္ဂလန်အသင်း ခြေစစ်ပွဲ မပါဝင်နိုင်

1.4K
အင်္ဂလန်အသင်းနဲ့ အဲဗာတန်အသင်းကစားသမား ဂျွန်စတုံးက ဒူးဒဏ်ရာကြောင့် ၂၀၁၆ ယူရို ခြေစစ်ပွဲတွေကို လွဲချော်မှာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ၁ ဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ ဒဏ်ရရသွားတဲ့အတွက် အသက် ၂၁ နှစ် နောက်ခံ အလယ်လူ ဂျွန်စတုံးက အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအောင်ထားတဲ့ အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၉ ရက်မှာ အက်စ်တိုးနီးယား၊ အောက်တိုဘာ ၁၁ ရက်မှာ လစ်သူယေးနီးယားနဲ့ကစားရမျာ ဖြစ်ပါတယ်။
ဒီပွဲစဉ်အတွက် ရွန်နီ၊ လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်နဲ့ ဆွမ်ဆီးအလယ်တန်းလူ ရှယ်ဗီတို့ရဲ့ ကြံ့ခိုင်မှုကတော့ သံသယဖြစ်စရာကောင်းနေပါတယ်။
အုပ်စု င က အင်္ဂလန် အသင်းဟာ ၈ ပွဲကစား ၈ ပွဲနိုင်ထားပြီး အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။