Home
မြန်မာသတင်း
အဲကမ္ဘောဇ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ပြေးဆွဲမည်
DVB
·
October 6, 2015
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး ကမ္ဘောဇ လေကြောင်းလိုင်းက တိုက်ရိုက် စတင် ပြေးဆွဲမယ်လို့ ကြေညာထားပါတယ်။ တနေ့ကို ၁ ကြိမ်နှုန်းနဲ့ တပတ်ကို ၄ ရက် ပြေဆွဲမှာဖြစ်တယ်လို့ ကမ္ဘောဇလေကြောင်း လိုင်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာပေါ့။ ဈေးနှုန်းက အကြမ်းဖြင့်တော့ ၂၀၀ ဒေါ်လာ ၀န်းကျင်လောက်တော့ရှိမယ်။ သူထက်များတာလည်းဖြစ်နိုင်တယ်။ နည်းနည်းလေးနည်းတာ လည်းဖြစ်နိုင်တယ်။ အနိမ့် ကတော့ ၁၈၀ ဒေါ်လာရှိတယ်။ အဲဒါက one way ပေါ့နော်။ round trip ကတော့ ဒေါ်လာ၂၉၀ လောက်ရှိတယ်။ ” သောကြာနဲ့ စနေနေ့တွေမှာ မနက်ပိုင်း ပျံသန်းပြေးဆွဲမှာဖြစ်ပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့တွေ မှာတော့ ညနေပိုင်းပျံသန်းမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ အရင်က ရန်ကုန်-ချင်းမိုင် တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို မြန်မာပုဂ္ဂလိကလေကြောင်း လိုင်းတွေဖြစ်တဲ့  အဲပုဂံနဲ့  ရွှေမြန်မာလေကြာင်းလိုင်းတွေ ပြေးဆွဲခဲ့ဖူးပြီး မကြာသေး ခင်လပိုင်းကမှ  ရပ်နားထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024