A d v e r t i s e m e n t With Us

ဧရာစံခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်၊ ၁ ဦးသေဆုံး

ငါးသိုင်းချောင်းမြို့ကနေ မောင်းနှင်လာတဲ့ ဧရာစံခရီးသည်တင်ယာဉ် မှန်လုံကားဟာ ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာနားမှာ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက လမ်းဘေးသစ်ပင်ကို တိုက်မိတာကြောင့် ယာဉ်နောက်လိုက် တဦး သေဆုံးပြီး ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး ကျန်တဲ့ ၁၇ ဦးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရရှိခဲ့တယ်လို့ နယ်ခံသတင်းထောက်က ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကို ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ဆေးရုံနဲ့ ဟင်္သာတပြည်သူ့ ဆေးရုံကြီးတွေကို ပို့ဆောင်ထားတယ်လို့ နယ်မြေရဲစခန်းက ပြောပါတယ်။ ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာ ကျုံပျော်-ဟင်္သာတကားလမ်း မိုင်တိုင်အမှတ် ၁၆/၄ နှင့် ၁၆/၅ အကြား အရောက် လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ကို ၀င်တိုက်မိတာပါ။ ခရီးသည် ၃၂ ဦး တင်ဆောင်လာတာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ ကျွန်းပင်တွေကို ၀င်တိုက်မိခဲ့ပါတယ်။ မောင်းနှင်သူဟာ နေ၀င်းမောင် ခေါ် ဆံရှည်ဟာ ငါးသိုင်းချောင်းမြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ ရွှေဘိုလမ်းနေထိုင်သူဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပြီး တဲ့နောက် ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ သတင်းဓာတ်ပုံ - ပြည့်ဖြိုး  

A d v e r t i s e m e n t With Us

More News
Up