တူရကီ လေပိုင်နယ်ထဲ ၀င်ရောက်ခဲ့သည့် ရုရှားတိုက်လေယာဉ်

1.6K
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားလုပ် SU 30 တိုက်လေယာဉ်ဟာ ဆီးရီးယားနဲ့ တူရကီ နယ်စပ်တလျှောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ပျံသန်းရင်း တူရကီ လေပိုင်နက်ထဲကို အချိန်စက္ကန့် နည်းနည်း ဝင်ရောက်ခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီမတော်တဆမှုဟာ မျက်နှာသာ မပေးတဲ့ မိုးလေဝသ အခြေအနေကြောင့် ဖြစ်တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က မြေပုံနဲ့တကွ ရှင်းလင်း ပြောဆိုပါတယ်။
တူရကီရဲ့ F16 စစ်လေယာဉ် ၂ စီး အောက်တိုဘာ ၄ ရက်နေ့က နယ်စပ်တလျှောက် ကင်းလှည့်ပျံသန်းနေတုန်း ရုရှားနဲ့ ဆီးရီးယားနိုင်ငံတို့ သုံးနေတဲ့ MiG 29 တိုက်လေယာဉ်က ရေဒါစနစ်ကို ပိတ်ပြီး နှောင့်ယှက် တိုက်ခိုက်ခဲ့တယ်လို့ တူရကီစစ်တပ်က ပြောပါတယ်။
ရုရှားကတော့ ဒီဖြစ်ရပ်မှာ ရုရှားလေတပ်နဲ့ မသက်ဆိုင်ဘူး၊ ဟေးမင်းလေတပ် အခြေစိုက်စခန်းမှာ အဲလို အမျိုးအစားလေယာဉ် မရှိဘူးလို့ ပြောပါတယ်။
ရုရှားက တူရကီ လေပိုင်နက်ထဲ ပျံသန်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုး မဟာမိတ်နိုင်ငံတွေက လက်မခံနိုင်တဲ့ ပိုင်နက်ချိုးဖောက်မှုအဖြစ် အောက်တိုဘာ ၅ ရက်နေ့က ပြစ်တင်ရှုတ်ချခဲ့တာပါ။
အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ဒီကျူးကျော်ပျံသန်းမှုအတွက် အတော်စိုးရိမ်တယ်လို့ ပြောပါတယ်။
တူရကီကလည်း နောက်တကြိမ် ကျူးကျော်ရင် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။