Home
မြန်မာသတင်း
မြိတ်အထပ်သားစက်ရုံမှ အလုပ်သမားများ တရက်လုပ်အားခ ၃၆၀၀ ကျပ် ရရှိရန်တောင်းဆို
DVB
·
October 6, 2015
12113305_1053329201344403_2735286194669133256_o
12091326_1053329311344392_6148445408640600395_o
12087194_1053329151344408_8598032393092150750_o
12045257_1053329334677723_8164909004129898720_o
တနင်္သာရီတိုင်းဒေသကြီး မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာရှိ မြိတ်အထပ်သား စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ အနည်းဆုံး အခကြေးငွေ တနေ့ ၃၆၀၀ ကျပ် ရရှိဖို့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက စက်ရုံအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကုန်းဖောက်ကျေးရှိ မြိတ်အထပ်သားစက်ရုံဟာ အိန္ဒိယနိုင်ငံသားပိုင် စက်ရုံတစ်ခုဖြစ်ပြီး အလုပ်သမားအများစုမှာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ယခင်က တစ်လလုပ်အားခ ကျပ် ၄ သောင်းမှ ၄ သောင်းခွဲအထိသာ ရရှိခဲ့ကြပြီး အစိုးရက သတ်မှတ်ပေးထားတဲ့ အနည်းဆုံး အခကြေးငွေ တရက် ၃၆၀၀ ကျပ်ကို ကုမ္ပဏီဘက်မှ ပေးဖို့ပျက်ကွက်ခဲ့တာကြောင့် အလုပ်သမား ၂၀၀ နီးပါးက စက်ရုံအနီးရှိ အလုပ်သမား နားနေဆောင်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ကုမ္ပဏီဘက်မှ အလုပ်သမားများအပေါ် ပျက်ကွက်ခဲ့တဲ့ တနေ့ လုပ်အားခ ၃၆၀၀ ကျပ်ရရှိရေး၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိတဲ့ အလုပ်သမားတွေအတွက် ခံစားခွင့်များ၊ အလုပ်သမားတွေရဲ့ လုပ်ခအား နှိမ့်ချစေခိုင်းမှု မပြုလုပ်ရေး၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာ ရရှိဆောင်ရွက်ပေးရေး၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားများက နေ့တ၀က် အလုပ်ပျက်ကွက်ပါက လုပ်အားခ တနေ့စာ မဖြတ်တောက်ရန်၊ အချိန်ပို အလုပ်သမားများကိုခေါ်ပါက အလုပ်သမားများရဲ့ ဆန္ဒမပါဘဲ ခိုင်းစေခြင်းမပြုရန် အချက်များကို အလုပ်သမားက တောင်းဆိုခဲ့ကြပါတယ်။ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး မြိတ်မြို့နယ်အလုပ်သမားရေးရာ ဦးစီးဌာနမှ ကုမ္ပဏီနဲ့ လာရောက် ညှိနှိုင်းပေးခဲ့ပြီး နှစ်ဦးနှစ်ဘက် ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရက ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေး သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသားကော်မတီက တရက်ကို ကျပ် ၃၆၀၀ ပေးဖို့ ဇွန် ၂၉  ရက်နေ့က ထုတ်ပြန်ထားပါတယ်။ သတင်းဓာတ်ပုံ - ကိုဘိတ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024