Home
မြန်မာသတင်း
ထိုင်းဘုရင့်သမီးတော်သီရိဒုံနှင့် သမ္မတတွေ့ဆုံ၊ သွေးဝန်ဆောင်မှုယာဉ်လှူဒါန်း
DVB
·
October 6, 2015
12141026_10153721838697922_8385429065484398493_o
12109951_10153721836872922_2762119718084270130_o
12107780_908930302488040_65540383184217019_n
12080049_10153720156442922_3599962717696447855_o
12068517_10153720156417922_1375505233419772030_o
12039348_908930299154707_328253689260490489_n
မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီသီရိဒုံဟာ အောက်တိုဘာ ၅ ရက် မနက်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ သွားရောက် တွေ့ဆုံဆွေးနွေးပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ နှစ်နိုင်ငံ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကျေး လက်ဒေသနဲ့ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။ ဒါ့ပြင် ထိုင်းဘုရင့်သမီးတော်ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံပြီး မြန်မာပြည်သူတွေအတွက် သွေးဝန်ဆောင်မှုယာဉ် ၁ စီး ပေးအပ်လှူဒါန်း သွားပါတယ်။ အရှည်ပေ (၄၀) အနံ(၈)ပေရှိ ဟီးနိုးအမျိုးအစား သွေးဝန်ဆောင်မှုယာဉ်ဟာ လူ(၆)ဦး တပြိုင် တည်းသွေး လှူဒါန်းနိုင်တဲ့ အဆင့်မြင့်နည်းပညာများတပ်ဆင် ထားတဲ့ယာဉ်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်စေရန်၊ မြန်မာနိုင်ငံမှာ သွေးလှူ ဘဏ်လုပ်ငန်းတွေ တိုးတက်လာစေရန် နဲ့ သွေးလှူရှင်တွေ ပိုမိုများပြားလာစေရန် ရည်ရွယ်လှူဒါန်းတာလို့ ဆိုပါတယ်။ မင်းသမီးသီရိဒုံဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပျဉ်းမနားမြို့ အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်းရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ထိုင်းအစိုးရနဲ့ ပြည်သူတွေက လူဒါန်းထားတဲ့ ၂ ထပ်ကျောင်းဆောင်သစ်ကို သွားရောက်ပြီး ကျောင်းသားတွေကို စာအုပ်စာတမ်းနဲ့ စာရေးကိရိယာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024